어디에서나 바로가기 기능을 사용하실 수 있습니다. 주메뉴 이동은 알트 키 플러스 1 키이고, 본문 이동은 알트 키 플러스 2 키입니다.

INTOBORN
လူနေမှုဘဝကို မြှင့်တင်ပေးသည့် ကမ္ဘာလုံးဆိုင်ရာ အိမ်သုံးဆေးဘက်ဆိုင်ရာ ပစ္စည်းဝန်ဆောင်မှုကုမ္ပဏီ။

본문 영역

CEO မိတ်ဆက်ခြင်း

Intoborn Inc. သည် သံလိုက်စည်းချက် (PEMF) နည်းပညာကို အခြေခံထားသော ဆေးဘက်အထောက်အကူပြုစက်နှင့် Home-care ကဏ္ဍတွင် အဆင့်မီ ကုမ္ပဏီ တစ်ခုပဲ ဖြစ်ပါသည်။

လျှပ်စစ်စွမ်းအားဖြင့် ပံ့ပိုပေးသော ဆေးဘက်အထောက်အကူပြုစက်ဖြစ်သည့် အယ်လီဆီယမ်သည် စွန့်စားမှုများသော R&D ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော ပညာရပ်နယ်ပယ်တွင် ကျော်ကြားသော ဆေးပညာရှင်များ၏ အကြံပြုချက်များကို အခြေခံ၍ ကိုယ်ပိုင်နည်းပညာ ၁ဝဝ % ဖြင့် တီထွင်ထားသော စက်ဖြစ်ပါသည်။ စားသောက်ကုန်နှင့် ဆေးဝါး ဘေးအန္တရာယ် ကင်းရှင်းရေးဌာနမှ “ဆေးဘက်အထောက်အ ကူပြုစက်နှင့် အရည်အသွေးမီ ထောက်ခံချက် (GMP)” နှင့် “ကုန်ပစ္စည်းခွင့်ပြုချက်” ကို လက်ခံရရှိခဲ့ပြီး၊ စက်များကို ထုတ်လုပ်ရောင်းချလျက် ရှိပါသည်။
သံလိုက်စည်းချက် (PEMF) ကဏ္ဍတွင် စဉ်ဆက်မပြတ် အမျိုးမျိုးသော နည်းပညာများကို တီထွင်ထုတ်လုပ်ခြင်းဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်များ ပြည့်မီစေရန်နှင့် စိတ်ကျေနပ်မှု ရရှိစေရန် အစွမ်းကုန် ကြိုးစားနေပါသည်။ နည်းပညာဆိုင်ရာတိုးတက်မှုများနှင့် လိုအပ်ချက်များ ပြန်လည်မွမ်းမံမှုများဖြင့် သုံးစွဲသူများ၏ စစ်မှန်သော ပါတနာဖြစ်ရန် ကြိုးပမ်းအားထုတ်နေပါသည်။
Intoborn Inc.၏ ဝန်ထမ်းများ အားလုံးက အမြဲ အကောင်းမြင်စိတ်ဖြင့် ကြိုးစားခြင်းအားဖြင့် သုံးစွဲသူများ၏ မေတ္တာကို အစဉ်မပြတ် ရယူနိုင်ပြီး ယခုထက် အောင်မြင်သော ကုမ္ပဏီဖြစ်ရန် ကြိုးစားသွားပါမည်။

ထပ်မံ၍ ကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။
CEO Chunyoung RYU
본문 공유 설정
TOP