어디에서나 바로가기 기능을 사용하실 수 있습니다. 주메뉴 이동은 알트 키 플러스 1 키이고, 본문 이동은 알트 키 플러스 2 키입니다.

INTOBORN
လူနေမှုဘဝကို မြှင့်တင်ပေးသည့် ကမ္ဘာလုံးဆိုင်ရာ အိမ်သုံးဆေးဘက်ဆိုင်ရာ ပစ္စည်းဝန်ဆောင်မှုကုမ္ပဏီ။

본문 영역

တိရစ္ဆာန်ဆေးပညာနှင့် PEMF

INTOBORNအိမ်မွေးတိရစ္ဆာန်နှင့် PEMF
အဆစ်ရောင်ခြင်း၊ ဆဲလ်အစုအဝေးများ ပျက်စီးခြင်း၊ ကုသ၍မရနိုင်သော အဆစ်ရောင်ရောဂါ၊ အရိုးကျိုးခြင်းနှင့် အာရုံကြောပျက်စီးမှု စသော ရောဂါများကြောင့် ဒုက္ခရောက်နေသော အိမ်မွေးတိရစ္ဆာန်များကို ကုသပေးနေသည့် ကုထုံးသည် အရောင်ကျဆေး၊ စတီးရွိုက်ဆေး (သို့မဟုတ်) ထုံဆေး တိုက်ကျွေးခြင်း ဖြစ်ပါသည်။ အခြားသော နည်းလမ်းမှာ ကျောရိုးပြန်လည်ကုသပေးခြင်း၊ အားပြန်မွေးခြင်း၊ လေဆာနည်းစနစ်နှင့် အပ်စိုက်ကုသပေးခြင်းတို့ ဖြစ်ပါသည်။

အထက်ပါ ဆေးနည်းများအပြင် အမေရိကန်နိုင်ငံ FDA မှ ခွင့်ပြုပေးသော ထိရောက်သည့် ကုထုံးတစ်ရပ်ရှိပါသည်။ ထိုကုထုံးမှာ သံလိုက်စည်းချက်ကုထုံး PEMF ဖြစ်ပါသည်။ PEMF (Pulsed Electromagnetic Field) နည်းစနစ်ကို မြင်း၊ ခွေး၊ ကြောင်၊ ယုန်၊ ဆင်နှင့် သစ်ကုလားအုတ် စသည့် သတ္တဝါများ ကုသရေးတွင် နှစ်ပေါင်း ၃ဝ ကျော် အသုံးပြုခဲ့ပါသည်။

PEMF (Pulsed Electromagnetic Field) နည်းစနစ်သည် ဆွဲငင်ကွိုင် (Induction Field) ကို အသုံးပြု၍ ဆဲလ်အစုအဝေးအတွင်း လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းကို ပို့ဆောင်ပေးခြင်းဖြင့် အမျိုးမျိုးသော ရောဂါများကို ခန္ဓာကိုယ်အတွင်း ထိုးဖောက်မှုမရှိဘဲ ကုသပေးနိုင်ပါသည်။ ဤစက်မှ ထုတ်လွှတ်ပေးသော လျှပ်စစ်သံလိုက်စက်ကွင်းသည် အမျိုးမျိုးသော ဇီဝဖြစ်စဉ်များအား လွှမ်းမိုးသည်ကို တွေ့ရှိရပြီး၊ PEMF ကုထုံး၏ အခြေခံနှင့် ပတ်သက်သော သုတေသနစမ်းသပ်ချက်များ ယခုအချိန်တွင်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

စုဆောင်းထားသော ဆေးမှတ်တမ်းများအရ အရိုးကုသမှု၊ ဒဏ်ရာကုသမှု၊ အရိုးအဆစ်ရောင်ရောဂါနှင့် ရောင်ရမ်းခြင်း၊ ခွဲစိတ်ပြီးနောက် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းများ ကုသခြင်းတို့တွင် တိရစ္ဆာန်နှင့် လူသားအားလုံးအတွက် PEMF ကုထုံးကို အသုံးပြုရန် ခွင့်ပြုပေးထားသည်။

PEMF နှင့် တိရစ္ဆာန်ဆေးပညာ

PEMF စက်သည် ၁၉၃ဝ ပြည့်နှစ်မှစ၍ တီထွင်ထားခဲ့သော်လည်း တိရစ္ဆာန်ဆရာဝန်များက စတင်အသုံးပြုလာခဲ့သော အချိန်မှာ ၁၉၇ဝ ပြည့်နှစ်တွင် ဖြစ်ပါသည်။ PEMF ကုထုံးဖြင့် ပြိုင်မြင်းတစ်ကောင်၏ ကျိုးနေသော ခြေထောက်ကို အောင်မြင်စွာ ကုသနိုင်ခဲ့ပြီးနောက် ထိုအောင်မြင်မှုကို အခြေခံ၍ ပိုမို ကျယ်ပြန့်သော ဆေးသုတေသနကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထို့နောက် အရိုးပြန်မဆက်ခြင်းကို ကုသခြင်း၊ အဆစ်ရောင်ရောဂါကုသရန်အတွက် အမေရိကန် FDA ဌာနက PEMF ကုထုံးဖြင့် ဆေးကုသခွင့်ကို ခွင့်ပြုပေးခဲ့သည်။
"PEMF is recommended as a non invasive remedy, lacking any adverse side effects, useful for controlling pain and inflammation associated with osteoarthritis. The majority of dogs improved with respect to their lameness and pain and the benefits lasted without the use od anti-inflammatory drugs!"
-European Society of Veterinary Orthopedics &Traumatory Congress 2010-
၂ဝ၁ဝ ပြည့်နှစ် Bologna တက္ကသိုလ်မှ သုတေသီပညာရှင်များသည် အဆစ်ရောင်နေသော ခွေးများအား PEMF ကုထုံးဖြင့် ကုသပေးပြီး၊ သုတေသနပြုခဲ့ကြသည်။ ဤသုတေသန၏ အလယ်ပိုင်းအဆင့်တွင် ပါဝင်သော များစွာသော ခွေးတို့သည် PEMF ကုထုံးကြောင့် လှုပ်ရှားမှုစွမ်းရည်နှင့် နာကျင်မှု အလွန် သက်သာလာကြောင်း တွေ့ရှိရပါသည်။ ထူးဆန်းသည်မှာ ထိုအာနိသင်သည် အရောင်ကျဆေး သုံးစွဲခြင်း မရှိသည့်တိုင်အောင် ဆက်လက် သက်ရောက်မှု ရှိကြောင်းတွေ့ရှိရပါသည်။ ထိုသုတေသနအဖွဲ့ဝင်တို့က “PEMF ကုထုံးသည် ဘေးထွက် ဆိုးကျိုးများမရှိသော၊ သုံးရလွယ်ကူသော၊ အဆစ်ရောင်ရောဂါနှင့် ပတ်သက်သော နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများကို ထိန်းချုပ်ပေးရန် အသုံးဝင်သော၊ ထိုးဖောက်ခြင်းမရှိသော ကုထုံးဖြစ်သည်” ဟု ဆုံးဖြတ်ခဲ့ကြသည်။

အိမ်မွေးတိရစ္ဆာန်များအတွက် PEMF ကုထုံး၏ ကောင်းကျိုး

  • ၁။
    ၁။ ထိုဖောက်မှုမရှိခြင်း
  • ၂။
    အဆိပ်မရှိခြင်း
  • ၃။
    အိမ်တွင်ကုသပေးနိုင်ခြင်း
  • တိရစ္ဆာန်ဆရာဝန်များက PEMF ကုထုံးကို ထောက်ခံထားသော ရောဂါများ
    1. ရိုးတွင်းခြင်ဆီချို့ယွင်းခြင်
    2. ကုသပျောက်ကင်းမှုနှေးကွေးသောဒဏ်ရာ
    3. နာတာရှည်ရောင်ရမ်းခြင်း
    4. အိုမင်းခြင်းနှင့် ပူးတွဲပါရောဂါများ
    5. အဆစ်ရောင်ရောဂါ
    6. ခွဲစိတ်ပြီးနောက် ဖြစ်ပွားတတ်သော ရောဂါများ
    7. ကြွက်သား၊ အကြောနှင့် အရွတ်ပျက်စီးခြင်း
    8. ဆေးမတိုးသော အဆစ်ရောဂါ
    9. အရေပြားရောဂါ
    10. အိပ်ရေးမဝခြင်း
INTOBORNဘဝသက်တမ်းရှည်ခြင်းရဲ့ PEMF
တိရစ္ဆာန်များအတွက် သံလိုက်စည်းချက် (PEMF) ကုထုံးဖြင့် ကုသနိုင်သော ရောဂါ အမျိုးမျိုး ရှိပါသည်။ PEMF ကုထုံးသည် တစ်ခါတစ်ရံ ဆေးဝါးဖြင့်ကုသမှုထက် ပိုမို အားထားခံရခြင်းနှင့် ဆေးဝါးနှင့် ပူးတွဲကုသခြင်းကို ဆောင်ရွက်နိုင်ပါသည်။ သံလိုက်စက်ကွင်းကုထုံးသည် သတ္တဝါအားလုံး၏ ဇီဝကဏ္ဍတွင် သံလိုက်စက်ကွင်းကို အခြေခံထား ကုသပေးသောကြောင့် လူကဲ့သို့ အခြားသတ္တဝါများကိုလည်း ကုသပေးနိုင်ပါသည်။ တိရစ္ဆာန်များသည် သံလိုက်စည်းချက်အား တုန့်ပြန်မှု ပြင်းထန်နိုင်ပြီး လူသားများထက် ဇီဝကမ္မဖြစ်စဉ် ပိုမို လျင်မြန်သောကြောင့် အာနိသင် ပိုမို ထက်မြက်ပါသည်။

အဆစ်ရောင်ရောဂါ၊ ဒဏ်ရာ၊ ကင်ဆာ၊ သွေးလည်ပတ်မှုစနစ် ချို့ယွင်းခြင်း၊ အရိုးကျိုးခြင်း၊ ရိုးတွင်းခြင်ဆီချို့ယွင်းခြင်း၊ တက်ခြင်း၊ အရေပြားကင်ဆာ၊ အိုမင်းခြင်း၊ ဆီးချိုရောဂါ စသော တိရစ္ဆာန်များတွင် ဖြစ်တတ်သော ရောဂါအမျိုးမျိုးအတွက် PEMF ကုထုံးသည် အလွန် သင့်လျော်ပါသည်။ လူ၏ခန္ဓာကိုယ်ကဲ့သို့ တိရစ္ဆာန်များ၏ ခန္ဓာကိုယ် တစ်ကိုယ်လုံးသို့ PEMF ၏အာနိသင်သည် စိမ့်ဝင်ရောက်ရှိနိုင်ပါသည်။

အကျိုးဆက်အနေဖြင့် ဇီဝဖွဲ့စည်းပုံ၏ အခြေခံဖြစ်သော ဆဲလ်မှ စတင်၍ ဇီဝကမ္မဖြစ်စဉ်နှင့် စွမ်းအင်များကို တိုးမြှင့်ပေးခြင်းဖြင့် ဒဏ်ရာမှ ပိုးဝင်ခြင်းနှင့် အခြားရောဂါများကို ကုသနေစဉ်အချိန်မှာပင် လျင်မြန်စွာ ပျောက်ကင်းနိုင်ပြီး၊ နောက်ဆုံးတွင် ကာယကံရှင်၏ အသက်ကို အပြည့်အဝ အာမခံ ပေးနိုင်ပါသည်။
PEMF ကုထုံးသည် လူကဲ့သို့ အိမ်မွေးတိရစ္ဆာန်များအတွက်လည်း တစ်သက်လုံး ကျန်းမာရေး ထိန်းသိမ်းရန်အတွက် အထောက်အကူ ဖြစ်စေပါသည်။

ဇီဝဗေဒသည် လူနှင့် တိရစ္ဆာန်အားလုံး သက်ဆိုင်သော ပညာရပ်ဖြစ်ပါသည်။ ရုပ်အင်္ဂါ ဖွဲ့စည်းပုံ ကွာခြားမှု၊ မျိုးစိတ်ကွဲပြားမှုများ ရှိနိုင်သော်လည်း ဇီဝဖြစ်စဉ်သည် ဆင်တူသောကြောင့် ဖြစ်ပါသည်။
INTOBORNနှစ်ချိုက်စွာအိပ်စက်ခြင်းစက် PEMF
အိမ်မွေးတိရစ္ဆာန်များအတွက် PEMF ကုထုံးသည် နိုက်ထရစ်အောက်ဆိုက်၏ ပမာဏကို မြှင့်တင်ပေးပါသည်။ နိုက်ထရစ်အောက်ဆိုက်သည် လူသားများ၏ ဆဲလ်အစုအဝေးနှင့် အရိုးကုသခြင်းကို အထောက်အကူပြုသော်လည်း၊အိမ်မွေးတိရစ္ဆာန်များအတွက် သွေးလည်ပတ်မှုစွမ်းအင်ကို မြှင့်တင်ပေးရာတွင် အထောက်အကူ ပြုပါသည်။ ထိုသို့ အထောက်အကူပြုမှုသည် ရောဂါကုသရေးနယ်ပယ်တွင် အဟာရနှင့် အောက်စီဂျင်ကို ပြည့်ဝစွာ ဖြည့်စွက်ပေးပြီး၊ အိမ်မွေးတိရစ္ဆာန်များအတွက် သဘာဝဆန်သော ကုသမှုကို ကူညီပေးပါသည်။

အိမ်မွေးတိရစ္ဆာန်များအတွက် PEMF ကုထုံးသည် တိရစ္ဆာန်များ၏ တစ်ကိုယ်လုံးအတွင်းသို့ စိမ့်ဝင်စေသောကြောင့် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များအားလုံးရှိ ဇီဝကမ္မဖြစ်စဉ်နှင့် စွမ်းအင်များကို မြှင့်တင်ပေးပါသည်။ ထိုသို့ မြှင့်တင်ပေးခြင်းဖြင့် ဤကုထုံးသည် တိရစ္ဆာန်များအား သဘာဝဆန်သော ကုသမှုအာနိသင် ရရှိစေခြင်းကို အလွန်အမင်း အထောက်အကူပြုပါသည်။

ထို ကုထုံးဖြင့်ကုသရာတွင် အိမ်မွေးတိရစ္ဆာန်များသည် အလိုအလျောက် PEMF နည်းစနစ်၏ ဆွဲဆောင်ခြင်းခံကြရပြီး၊ ထိုသို့ ဆွဲဆောင်မှုသည် တိရစ္ဆာန်များအတွက် သာယာမှု ရစေကြောင်း သူတို့ အလိုလို သိနေကြပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်း ထိုးဖောက်ခြင်း မရှိသော PEMF ကုထုံးဖြင့် ကြုံတွေ့ရသောအခါ အိမ်မွေးတိရစ္ဆာန်များသည် တည်ငြိမ်အေးချမ်းသာယာသော အသွင် ဖြစ်ပေါ်လာပါသည်။ အကယ်၍ အိမ်မွေးတိရစ္ဆာန်များ သံလိုက်စည်းချက် အနီးတွင် အိပ်စက်လျှင် ပို၍ သာယာပျော်ရွှင်စွာ အိပ်စက်တတ်ကြောင်း ကြုံတွေ့ရနိုင်ပါသည်။

တစ်ခါတစ်ရံ လူတစ်ယောက် သံလိုက်စည်းချက်ကုထုံး ခံယူနေချိန်တွင် အိမ်မွေးတိရစ္ဆာန်များ လူတို့နှင့်အတူ ထိုင်၍ သံလိုက်စည်းချက်ကို အေးဆေးစွာ ခံစားနေနိုင်သည်မှာ လူတို့ အလိုအလျောက် မခံစားနိုင်သော သံလိုက်စက်ကွင်းလှိုင်းကို တိရစ္ဆာန်များက အမျိုးမျိုးသော အာရုံဖြင့် ခံစားနိုင်သောကြောင့် ဖြစ်ပါသည်။

အိမ်မွေးတိရစ္ဆာန်များအတွက် PEMF သည် ကျန်းမာရေး ထိန်းသိမ်းရေးတွင် များစွာ အကျိုးပြုပါသည်။  အိမ်မွေးတိရစ္ဆာန်များအတွက် PEMF သည် ကျန်းမာရေးနှင့် အိပ်စက်ခြင်းကို ချောမွေ့စေပါသည်။

PET PEMF ၏ သတိပေးချက်

သွားတုစိုက်ထားသော အိမ်မွေးတိရစ္ဆာန်အတွက် PEMF ကို အသုံးပြုနိုင်ပါသလား။
အသုံးပြုနိုင်ပါသည်။ သံလိုက်မဲ့အရာဝတ္ထုဖြင့် ပြုလုပ်ထားသော သွားတုသည် PEMF အချက်ပြသောနေရာတွင် သံလိုက်ဆွဲငင်မှုကို အနှောက်အယှက် မဖြစ်စေသောကြောင့် အသုံးပြုနိုင်ပါသည်။
နှလုံးထိန်းစက်စသော ဆေးပညာသုံး စက်ပစ္စည်းများ ထည့်သွင်းထားသော အိမ်မွေးတိရစ္ဆာန်များအတွက် PEMF ကို အသုံးပြုနိုင်ပါသလား။
FDA သည် နှလုံးခုန်နှုန်းထိန်းစက်စသော ဝါယာကြိုး (Lead Wire) ပါသော အစိတ်အပိုင်းများ တပ်ဆင်ထားသည့် တိရစ္ဆာန်များတွင် PEMF ကို အသုံးမပြုရန် အကြံပြုထားပါသည်။ ထို့ကြောင့် နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းထားသော အိမ်မွေးတိရစ္ဆာန်များအတွက် PEMF ကို အသုံးမပြုသင့်ပေ။
PEMF သည် အိမ်မွေးတိရစ္ဆာန်များအတွက် အကျိုးအာနိသင် ရှိပါသလား။
လူသားများအတွက် အကျိုးအာနိသင်ရှိသော ကုထုံးသည် အိမ်မွေးတိရစ္ဆာန်များအတွက်လည်း အကျိုးအာနိသင် ရှိပါသည်။ PEMF ကုထုံး၏ အားသာချက်မှာ ကျယ်ဝန်းသော သုတေသနနယ်ပယ်မှ များစွာသော သုတေသနစမ်းသပ်ချက်များ၏ ထောက်ခံချက်များ ရရှိထားခြင်းပင် ဖြစ်သည်။
အိမ်မွေးတိရစ္ဆာန်အားလုံးအတွက် PEMF စက်ကို အသုံးပြုနိုင်ပါသလား။
သားပေါက်ပြီး ၆ လအောက် တိရစ္ဆာန်များနှင့် သန္ဓေတည်နေသော တိရစ္ဆာန်များတွင် အသုံးမပြုသင့်ပေ။
PEMF ကုထုံးကို ပထမအကြိမ် တွေ့ကြုံရလျှင် အဆင်မပြေမှု ရှိပါသလား။
အကဲဆတ်သော ခွေးအား သံလိုက်စည်းချက် ကုထုံးဖြင့် ကုသရာတွင် တစ်ခါတစ်ရံ အဆင်မပြေမှုဖြစ်နိုင်ပါသည်။ သို့သော် ဤကဲ့သို့ အဆင်မပြေမှုသည် ခဏသာဖြစ်ပြီး၊ ရင်းနှီးလာချိန်တွင် အဆင်မပြေမှုများ ပျောက်ကွယ်သွားပါသည်။
본문 공유 설정
TOP