본문 영역
ကုသရန် အသုံးပြုသော PEMF
PEMF
for Treatment
for Treatment
PEMF ကို ပိုမို နားလည်နိုင်ရန် ခန္ဓာကိုယ်၏ လျှပ်စစ်သံလိုက်ဆိုင်ရာ လှုပ်ရှားမှုကို သိထားရမည်ဖြစ်ပါသည်။ ခန္ဓာကိုယ်ရှိ အတွင်းပိုင်း သံလိုက်စက်ကွင်းသည် ခန္ဓာကိုယ်၏ အသက်ကို စောင့်ရှောက်ပေးနေသော ကြီးမားသည့် လျှပ်စစ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာပါသည်။ ဤ ဇီဝသံလိုက်စက်ကွင်းသည် ကမ္ဘာပေါ်ရှိ အခြားသော သံလိုက်စက်ကွင်းများနှင့် ပေါင်းစည်း၍ အခြေခံဓာတုဖြစ်စဉ်များကို ထိန်းချုပ်ထားပါသည်။
သက်ကြီးရွယ်အိုများ၏ ခန္ဓာကိုယ်သည် ကိုယ်တွင်းအင်္ဂါများရှိ ဘက်တီးရီးယားမှအပ ထရီလီယံ ၇၀ ကျော်ရှိသော ဆဲလ်များဖြင့် ဖွဲ့စည်းထားပါသည်။ ထို ဓာတုဖြစ်စဉ်များကို ကောင်းစွာ ဆောင်ရွက်နိုင်စေရန် ထရီလီယံ ၇ဝ ကျော်သော ဆဲလ်များ အချင်းချင်း အကြိမ်များစွာ ဆက်သွယ်နေကြရသည်။ ထို များစွာသော ဆဲလ်များအချင်းချင်း စက္ကန့်တိုင်း အခေါက် ၁ဝဝဝ ကျော်သော ဓာတုဖြစ်စဉ်များကို လုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များသည် ဤကဲ့သို့ လုပ်ဆောင်နိုင်စေရန် ကိုယ်ပိုင်ဆက်သွယ်နိုင်စွမ်း ရှိရုံမျှမက လိုအပ်သောအချိန်တွင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနိုင်ရမည်ဖြစ်သည်။
သက်ကြီးရွယ်အိုများ၏ ခန္ဓာကိုယ်သည် ကိုယ်တွင်းအင်္ဂါများရှိ ဘက်တီးရီးယားမှအပ ထရီလီယံ ၇၀ ကျော်ရှိသော ဆဲလ်များဖြင့် ဖွဲ့စည်းထားပါသည်။ ထို ဓာတုဖြစ်စဉ်များကို ကောင်းစွာ ဆောင်ရွက်နိုင်စေရန် ထရီလီယံ ၇ဝ ကျော်သော ဆဲလ်များ အချင်းချင်း အကြိမ်များစွာ ဆက်သွယ်နေကြရသည်။ ထို များစွာသော ဆဲလ်များအချင်းချင်း စက္ကန့်တိုင်း အခေါက် ၁ဝဝဝ ကျော်သော ဓာတုဖြစ်စဉ်များကို လုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များသည် ဤကဲ့သို့ လုပ်ဆောင်နိုင်စေရန် ကိုယ်ပိုင်ဆက်သွယ်နိုင်စွမ်း ရှိရုံမျှမက လိုအပ်သောအချိန်တွင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနိုင်ရမည်ဖြစ်သည်။
-
Q&A လူသားအားလုံး ဇီဝသံလိုက်စက်ကွင်းကို ပိုင်ဆိုင်ပါသလား?ခန္ဓာကိုယ်တွင်းရှိ အာရုံခံဆဲလ်၊ ဂလင်းများနှင့် ကြွက်သားဆဲလ်များ စသော အမျိုးမျိုးသော ဆဲလ်များအားလုံးသည် ထွေပြားသော လျှပ်စစ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည်။ ထို လျှပ်စစ်လှုပ်ရှားမှု အားလုံးသည် သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေသည်။
ခန္ဓာကိုယ်၏ ဇီဝသံလိုက်စက်ကွင်းသည် အလွန်သေးငယ်သော်လည်း သံလိုက်ဦးနှောက်လှိုင်း စစ်ဆေးခြင်း (MEG) သို့မဟုတ် သံလိုက်နှလုံးခုန်နှုန်းလွန်အသံလှိုင်းစစ်ဆေးခြင်း (MCG) စသော နည်းပညာများဖြင့် တိုင်းတာနိုင်ပါသည်။ ထို နည်းပညာများသည် လျှပ်စစ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော သံလိုက်စက်ကွင်းကို တိုင်းတာနိုင်ပါသည်။
ဆဲလ်သည် ပုံမှန်အားဖြင့် တစ်စက္ကန့်တွင် အခေါက် ၇ဝဝဝ ကျော် ဓာတုဖြစ်စဉ်များ လုပ်ဆောင်နေပါသည်။ ဤသို့ လုပ်ဆောင်နေမှုသည် ဇီဝသပ္ပါယဖြစ်ခြင်း (Adaptation) နှင့် ပတ်သက်သော ထွေပြားသည့် အဆင့်များကို ဆက်လက်ဖြစ်ပေါ်စေနိုင်သည်။ ထိုဖြစ်စဉ်သည် သာမန်ဇီဝဓာတုဖြစ်စဉ်ထက် ကျော်လွန်လျက်ရှိသည်။ -
Q&A ခန္ဓာကိုယ်တွင်း လျှပ်စစ်သံလိုက်စက်ကွင်း ဖြစ်ပေါ်လာပုံနှင့် အသုံးပြုသောနည်းလမ်းခန္ဓာကိုယ်၏ လျှပ်စစ်လှုပ်ရှားမှုသည် ပုံမှန်အားဖြင့် ဆဲလ်အမြှေးပါး၌ ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ဆဲလ်အမြှေးပါးသည် သင့်လျော်သော “အားသွင်းခြင်း” (သို့မဟုတ်) သင့်လျော်သော ဗို့အားကို ထိန်းသိမ်းထားရန် အလွန် အရေးကြီးသည်။ ကျန်းမာသော ဆဲလ်၏အမြှေးပါးထိုးဖောက် လျှပ်စစ်စွမ်းရည်သည် ၈ဝ မှ ၁ဝဝ မီလီဗို့အတွင်း ဖြစ်ပါသည်။ ကျန်းမာသော ဆဲလ်နှင့် နှိုင်းယှဉ်လျှင် ကင်ဆာဆဲလ်သည် အမြှေးပါးထိုးဖောက်နိုင်စွမ်းအား ၂ဝ မှ ၂၅ မီလီဗို့ အတွင်းသာ ရှိကြောင်းတွေ့ရှိရသည်။ ဆဲလ်ပျက်စီးသည်ဖြစ်စေ ရောဂါဖြစ်လျှင်ဖြစ်စေ အမြှေးပါး၏ ဗို့အားကျဆင်းပြီး ဆဲလ်အတွင်းပိုင်း ဗို့အား တက်လာပါသည်။ ဆဲလ်အမြှေးပါး၏ ဗို့အား ကျဆင်းလာလျှင် ဆဲလ်အမြှေးပါးလမ်းကြောင်း၏ စွမ်းဆောင်ရည် ကျဆင်းလာကာ ရောဂါဖြစ်ခြင်းနှင့် ဆဲလ်များ မလှုပ်ရှားခြင်း စသည့် ဆိုးကျိုးရလာဒ်များ ဖြစ်ပေါ်လာတတ်ပါသည်။ဆဲလ်အမြှေးပါးသည် ဆဲလ်အတွင်းရှိ အစိတ်အပိုင်းများကို ကာကွယ်ပေးပြီး သံဓာတ်စီးဆင်းနိုင်သော တံခါးပေါက်၏ အစောင့်အဖြစ် အလုပ်လုပ်ပါသည်။ ထိုသို့ သံဓာတ်စီးဝင်သော လမ်းကြောင်းကို “စုပ်စက်” ဟု ခေါ်ပါသည်။

ဆဲလ်အမြှေးပါးတွင် လျှပ်စစ်စွမ်းအား ဖြစ်သည့် ဗို့အား ရှိပါသည်။ အမြှေးပါးရှိ လျှပ်စစ်စွမ်းအားဆိုသည်မှာ ဆဲလ်အတွင်းပိုင်းနှင့် အပြင်ပိုင်း လျှပ်စစ်စွမ်းအားတို့၏ ခြားနားချက်ကို ဆိုလိုခြင်းဖြစ်ပြီး၊ အမြှေးပါး လမ်းကြောင်းသည် အမြှေးပါးလျှပ်စစ်စွမ်းအားဖြင့် အဖွင့်အပိတ် ပြုလုပ်ပါသည်။ လမ်းကြောင်းပိတ်လျှင် အမြှေးပါးရှိ လျှပ်စစ်စွမ်းအားသည် “တည်ငြိမ်လျှပ်စစ်စွမ်းအား” ဖြစ်ပြီး၊ ဖွင့်လျှင် “တက်ကြွလျှပ်စစ်စွမ်းအား” ဖြစ်ပါသည်။
အမြှေပါး လမ်းကြောင်းဖွင့်ချိန်တွင် တက်ကြွလျှပ်စစ်စွမ်းအားအတွက် လျှပ်စစ်ဓာတ် လိုအပ်ပါသည်။ ထို အဆင့်၌ အမြှေးပါး၏ လျှပ်စစ်စွမ်းအားက လျင်မြန်စွာ တိုးမြင့်လာပြီး လမ်းကြောင်း ပွင့်လာပါသည်။ လမ်းကြောင်းပွင့်မှသာ သံဓာတ်များ ဆဲလ်အတွင်းသို့ ဝင်ရောက်လာနိုင်မည်ဖြစ်ပြီး၊ အမြှေးပါးလျှပ်စစ်စွမ်းအား ပိုမို မြင့်မားလာကာ လမ်းကြောင်း အများအပြားကို ပွင့်လာစေမည်ဖြစ်သည်။ ဤ အဆင့်သည် ဆဲလ်အမြှေးပါးကို ကျော်ဖြတ်ပြီး လျှပ်စစ်သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေကာ ဆက်လက် လည်ပတ်နိုင်မည်ဖြစ်သည်။ လမ်းကြောင်းများ အားလုံးပွင့်လျှင် အမြှေးပါး၏ လျှပ်စစ်စွမ်းအား အလွန်ကြီးမားလာပြီး၊ ဗို့အားခြားနားချက်ကြောင့် လမ်းကြောင်း စပိတ်ပါသည်။ လမ်းကြောင်းပိတ်လျှင် လမ်းကြောင်းအဆုံးမှ ပြန်လည်အသက်ဝင်လာမည်ဖြစ်သည်။ ထိုသို့ ပြန်လည်အသက်ဝင်လာခြင်း အဆင့်အားလုံး ပြီးဆုံးသောအခါ၊ လမ်းကြောင်းအားလုံး ပိတ်သွားပြီး၊ အမြှေးပါး၏ သံလိုက်စက်ကွင်း ရပ်တန့်သော အခြေအနေသို့ ပြောင်းလဲသွားမည် ဖြစ်ပါသည်။ -
Q&A သံလိုက်စက်ကွင်းကုထုံးဆိုသည်မှာ အဘယ်နည်း။အထက်ပါ အခြေအနေတွင် အချို့သောသံဓာတ်များ ဆဲလ်အတွင်းနှင့် အပြင်သို့ စီးဆင်းပါသည်။ ယေဘုယျအားဖြင့် သံဓာတ်များမှာ ဆိုဒီယမ်၊ ကယ်လစီယမ်နှင့် ပိုတက်ဆီယမ်တို့ ဖြစ်ကြပါသည်။ စီးဝင်နေချိန် ဖြစ်ပေါ်သော လျှပ်စစ်စွမ်းအားကို အကြိမ်ကြိမ် ဖြစ်ပေါ်သော “ဆိုဒီယမ်-ပိုတက်စီယမ်” စုပ်စက်ဟု ခေါ်ပါသည်။ ဆိုဒီယမ်သည် အဝင်လမ်းကြောင်းအားဖြင့် ဆဲလ်အတွင်းသို့ စီးဝင်ပြီး၊ ပိုတက်စီယမ်သည် အထွက်လမ်းကြောင်းအားဖြင့် ဆဲလ်အပြင်သို့ စီးထွက်ပါသည်။
လှုပ်ရှားမှုလျှပ်စစ်စွမ်းအားသည် ဆဲလ်အမျိုးအစားအပေါ်မူတည်၍ လုပ်ဆောင်ပုံ အမျိုးမျိုးရှိသော်လည်း ယျေဘုယျအားဖြင့် ကလပ်စည်းများ ဆက်သွယ်ပေးခြင်း (သို့မဟုတ်) ကလပ်စည်းများ ပြန်လည်ရှင်သန်ခြင်းတို့ကို လုပ်ဆောင်ပေးသည်။ ဥပမာအားဖြင့် ကြွက်သားဆဲလ်များသည် ကြွက်သားကျုံ့ခြင်းကို ပြုလုပ်ရန်အတွက် ပထမအဆင့်အနေဖြင့် လှုပ်ရှားမှုလျှပ်စစ်စွမ်းအားကို အသုံးပြုပါသည်။
ဆဲလ်များ ထိခိုက်သွားလျှင်ဖြစ်စေ မကျန်းမာလျှင်ဖြစ်စေ ဆဲလ်များ၏ လှုပ်ရှားမှု နှေးကွေးသွားသလို ရပ်တန့်၍လည်း သွားနိုင်ပါသည်။ လှုပ်ရှားမှုလျှပ်စစ်စွမ်းအားအတွက် လိုအပ်သော စွမ်းအင်မှာ နည်းပါးသော်လည်း ယိုယွင်းနေသော ဆဲလ်များသည် လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။ ခန္ဓာကိုယ်အပြင်ဘက်မှ သံလိုက်စက်ကွင်းကုထုံးဖြင့် ကုသလျှင် ယိုယွင်းနေသော ဆဲလ်များကို အင်အား ပြန်လည် ဖြည့်တင်းပေးခြင်းဖြင့် အထောက်အကူပြုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ၏ ခန္ဓာကိုယ်ရှိ ဆဲလ်များအတွက် သံလိုက်စက်ကွင်းသည် မရှိမဖြစ် လိုအပ်သော အရေးအကြီးဆုံး အကြောင်းရင်းဖြစ်ပါသည်။
본문 공유 설정