본문 영역
PEMF
INTOBORNဆဲလ်နှင့် PEMF
ကမ္ဘာပေါ်တွင် ရှိသမျှ သက်ရှိသတ္တဝါများသည် ကမ္ဘာ့သံလိုက်စက်ကွင်း၏ လွှမ်းမိုးခြင်းကို ခံနေရပါသည်။ ကျွန်တော်တို့ လူသားများ ခန္ဓာကိုယ်ရှိ ဆဲလ်များသည် သံလိုက်စက်ကွင်းကို အမှီပြု၍ +/ - သံဓာတ်များ သွတ်သွင်းပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ PEMF နည်းစနစ်သည် သဘာဝအခြေအနေတွင် ဆဲလ်၏ အခြေခံလုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးရန် ကူညီနိုင်ပါသည်။ ဤသို့ဖြင့် ဆဲလ်များသည် ပိုမိုများပြားသော အောက်စီဂျင်နှင့် အဟာရကို စုပ်ယူနိုင်ပြီး စွမ်းအင်များကိုလည်း ပိုမို စုဆောင်းကာ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖြေထုတ်ခြင်းလည်း လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ PEMF ကုထုံးသည် ဆဲလ်များ၏ စွမ်းရည်ကို မြှင့်တင်ပေးပြီး၊ ဘက်တီးယားနှင့် အခြားပိုးမွှားများကို ဖယ်ရှားပေးနိုင်သော စွမ်းရည် တိုးတက်လာမည် ဖြစ်ပါသည်။
အာကာသယာဉ်မှုးများကဲ့သို့ များစွာသော လူသားများသည် ကမ္ဘာ၏ သဘာဝ သံလိုက်စက်ကွင်းမှ တဖြည်းဖြည်း သီးသန့်ဖြစ်လာနေပါသည်။ အများအားဖြင့် လူများသည် ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အဆောက်အဦးအတွင်း နေထိုင်ကြပြီး၊ အသုံးပြုနေသော ဖုန်း၊ ကွန်ပြူတာနှင့် မိုက်ကရိုဝေ့ဖ်အိုဗန် စသော လျှပ်စစ်ပစ္စည်းများမှ ထုတ်လွှတ်လျက်ရှိသော ဘေးအန္တရာယ်ဖြစ်စေသည့် သံလိုက်စက်ကွင်းများသည် လူတို့၏ ဆဲလ်များကို ဆိုကျိုးများ ဖြစ်ပေါ်စေလျက် ရှိပါသည်။

-
PEMFက ဆဲလ်များကို အသက်သွင်းပေးပုံ- ဆဲလ်အမြှေးပါးကို ကျော်ဖြတ်နိုင်သော TMP လျှပ်စစ်စွမ်းအားကို ပြန်လည် ဖြည့်ဆည်းပေးပါသည်။
- ဆိုဒီယမ်-ပိုတက်စီယမ် စုပ်ယူခြင်းနှင့် ပို့လွှတ်ခြင်းစွမ်းရည်ကို တိုးမြှင့်ပေးသည်။
- သွေးပြစ်ခြင်းကို လျော့ကျစေပြီး သွေးလည်ပတ်မှု ပိုမို ကောင်းမွန်လာစေသည်။
- Mitochondria တွင် ATP ထုတ်လုပ်မှုကို အထောက်အကူပြုပါသည်။
- ဆဲလ်၏ အဆင့်ကို အယ်ကာလီဘက်သို့ အနည်းငယ် ကူးပြောင်းစေသည်။
- ဆဲလ်များကြား၌ သန်မာသော Electroporation ကို ဖြစ်ပေါ်စေပါသည်။
INTOBORNရောဂါနှင့် အိုမင်းခြင်းကို ကာကွယ်ပေးသော PEMF

ခန္ဓာကိုယ်တွင်းရှိ ဆဲလ်၏ စွမ်းရည်များ မျှတသောအခါ ခန္ဓာကိုယ် ကျန်းမာပါသည်။ အကယ်၍ ထို စွမ်းရည်များ မျှတမှု မရှိသောအခါတွင် ကျန်းမာရေး ချို့ယွင်းလာမည်ဖြစ်သည်။ PEMF သည် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များကို အသက်သွင်းပေးခြင်းနှင့် ဆဲလ်အစုဝေးများကို ပြန်လည် ကုသပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း စွမ်းရည်များ မမျှတမှုကို ဖြေရှင်းပေးနိုင်ပါသည်။
PEMF သည် အာရုံခံစနစ်၊ ချွေးဂလင်း၊ ဆဲလ်အစုအဝေးနှင့် အင်္ဂါအစိတ်အပိုင်းများကို တိုက်ရိုက် ခိုင်းစေနိုင်ပြီး စိတ်ဖိစီးမှုကို တုန့်ပြန်မှု ပြောင်းလဲစေနိုင်သော အစွမ်းရှိပါသည်။ ဦးနှောက် အစိတ်အပိုင်းတစ်ခု ဖြစ်သော Hypothalamus သည် အာရုံကြောစနစ်နှင့် Supernatural body ၏ အသက်သွင်းခြင်းကို တားဆီးပြီး စိတ်ဖိစီးမှုကို ခုခံနိုင်သော ခန္ဓာကိုယ်၏ စွမ်းရည်ကို တိုးတက်လာစေနိုင်ပါသည်။ PEMF ကုထုံးကို ဆက်လက်အသုံးပြုလျှင် အာရုံကြောစနစ် အတွင်း စိတ်ဖိစီးမှုလျော့ကျစေနိုင်ပြီး၊ ၄င်းနှင့် ပတ်သက်သော စနာတုန့်ပြန်မှုလည်း ပြုပြင်လာပြီး၊ နာတာရှည် (သို့မဟုတ်) ပြင်းထန်သော စိတ်ဖိစီးမှုအား တုန့်ပြန်နိုင်သော ဆဲလ်များကို နာလန်ထူလာစေနိုင်ပါသည်။
စိတ်ဖိစီးမှုသာမက သဘာဝအရ အိုမင်းလာခြင်းသည်လည်း ကျန်းမာရေးအပေါ် သက်ရောက်မှု တစ်ရပ်ဖြစ်ပါသည်။ အသက်ကြီးရင့်လာသည်နှင့်အမျှ ဇီဝကမ္မဖြစ်စဉ် ကျဆင်းသွားတတ်ပါသည်။ အိုမင်းခြင်းနှင့်အတူ ကိုယ်တွင်း လျှပ်စစ်စနစ် ကျဆင်းလာကာ ဆဲလ်များ၏ ဆက်သွယ်ရေးနှင့် ဆဲလ်အတွင်း ဖြစ်စဉ်များတွင် ပြသနာများ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုအခြေအနေတွင် PEMF ကုထုံးကို ခံယူလျှင် ATP ထွက်ပေါ်မှုနှုန်း မြင့်မားလာပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွင်း အက်ဆစ်ဓာတ်များ ဖြစ်ပေါ်လာခြင်းကို ကာကွယ်ပေးပါသည်။
PEMF ကုထုံးသည် အာရုံခံဓာတ်များ၊ ဆဲလ်များဆက်သွယ်မှုနှင့် ဦးနှောက်စွမ်းရည် ပြန်လည် ကောင်း မွန်လာအောင် ကုသရေးတွင် များစွာ အထောက်အကူ ပြုပါသည်။သွေးအတွင်း အောက်စီဂျင် ပမာဏ တိုးမြှင့်လာစေရေးနှင့် သွေးလည်ပတ်မှု ကောင်းမွန်စေရေးကိုလည်း အထောက်အကူ ဖြစ်စေပါသည်။ PEMF ကို နေ့စဉ် အသုံးပြုပါက သွေးချိုဓာတ်၊ သွေးဖိအားနှင့် ကိုလက်စရောကို ထိန်းညှိပေးနိုင်ပါသည်။ PEMF သည် နာကျင်ခြင်းနှင့် ယောင်ယမ်းခြင်းကို လျော့ချပေးနိုင်သောကြောင့် အဆစ်ရောင် ကဲ့သို့သော ရောဂါများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး၊ ဆဲလ်စွမ်းအင်ကို တိုးတက်လာသည်နှင့်အမျှ ကိုယ်ခံစွမ်းအား ကောင်းမွန်လာစေပါသည်။
ထို့အပြင် PEMF သည် ထင်းရှုးပုံဂလင်း (Pineal gland) မှ မယ်လာထိုနင် (Melatonin) ထွက်ပေါ်မှုနှုန်းကို တိုးမြှင့်ပေးသည်။ မယ်လာထိုနင်သည် နှစ်ချိုက်စွာ အိပ်စက်နိုင်ခြင်းနှင့် နုပျိုမှုကို ထိန်းသိမ်းရာတွင် အထောက်အကူ ပြုသော ဟော်မုန်းဖြစ်ပြီး၊ ကင်ဆာဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။
PEMF သည် ခန္ဓာကိုယ်၏ ကျန်းမာရေး မညီညွှတ်ခြင်းကို တားဆီးပေးပြီး ရောဂါနှင့် အိုမင်းမှုကို ကာကွယ်ပေးသည်။

INTOBORNနာကျင်ခြင်းနှင့် PEMF

PEMF ကုထုံးသည် သဘာဝကျပြီး၊ ခန္ဓာကိုယ်တွင်း တိုးဝင်မှု မရှိဘဲ ဘေးထွက်ဆိုးကျိုးမရှိသောကြောင့် စိတ်ချနိုင်ပါသည်။ ထိရောက်သော အာနိသင်ဖြင့် နာကျင်မှုများကို ကုသပျောက်ကင်းစေနိုင်ပါသည်။ PEMF ကုထုံးသည် ရောဂါ အခြေအနေအလိုက် သံလိုက်စက်ကွင်းကို ပြောင်းလဲ ထုတ်လုပ်ပေးနိုင်သော ကြောင့် အထိရောက်ဆုံး နည်းလမ်းဖြစ်ပြီး၊ နာကျင်ကိုက်ခဲခြင်းကို ကုသပေးနိုင်သည့် သဘာဝဆန်သော ကုထုံးတစ်ရပ် ဖြစ်ပါသည်။
-
PEMF ကုထုံးသည် အင်ဒိုဖိုင်း၊ ဆယ်ရိုထိုနင်နှင့် အခြားသော ဟော်မုန်းများကို တိုးပွားစေပြီး၊ နာကျင်ကိုက်ခဲမှုကို လျော့ချပေးခြင်းဖြင့် အထောက်အကူဖြစ်စေပါသည်။အင်ဒိုဖိုင်းသည် ခန္ဓာကိုယ်၏ သဘာဝထုံဆေးလည်း ဖြစ်ပါသည်။ PEMF ကုထုံးသည် ထို အင်ဒိုဖိုင်း ထွက်ပေါ်မှုနှုန်းကို တိုးမြှင့်ပေးပါသည်။
-
PEMF ကုထုံးသည် နာကျင်ကိုက်ခဲမှုကို ခံစားရသည့် အသိပေးချက်ကို တားဆီးဟန့်တားပေးသည်။နာကျင်သည့်နေရာတွင် လျှပ်စီးအမျှင်များကို ဖြစ်ပေါ်စေပြီး၊ နာကျင်ခြင်း အသိကို လျော့ချပေးနိုင်သလို ယာယီတားဆီးမှုလည်း ပြုလုပ်ပေးသည်။
-
PEMF ကုထုံးသည် နာကျင်သော အစိပ်အပိုင်းကို ကုသပေးပြီး၊ ဆဲလ်အစုအဝေးကို ပြန်လည်သက်သာလာစေခြင်းဖြင့် နည်းလမ်းတကျ ကုသပေးပါသည်။
INTOBORNစိတ်ကျန်းမာရေးနှင့် PEMF
အခြေခံအားဖြင့် PEMF ကုထုံးသည် အာရုံခံစနစ်ကို အားပျော့စေပြီး စနာတုန့်ပြန်မှု (Parasymphathic) အဖြစ် ပြောင်းလဲပေးပါသည်။
အထူးသဖြင့် ကြိမ်နှုန်းနိမ့် လှိုင်းများသည် အယ်လဖာလှိုင်း (Alpha) နှင့် စည်းချက်ညီသောကြောင့် ကုသနိုင်စွမ်း မြင့်မားပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပေးရန်အတွက် သင့်လျော်ပါသည်။ ကျွန်တော်တို့ နာကျင်ကိုက်ခဲမှုကို ခံစားရစေသော အကြောင်းရင်း အများစုမှာ ပြင်းထန်သော စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ပြီး၊ ကုထုံးအများစုသည် စိတ်လှုပ်ရှားမှုကို ဖြေလျှော့ပေးခြင်းများ ဖြစ်ပါသည်။ PEMF ကုထုံးသည် ခန္ဓာကိုယ် အတွင်းပိုင်းရှိ စိတ်လှုပ်ရှားမှု အားလုံးကို လျော့ကျစေအောင် လုပ်ဆောင်ပေးနိုင်ပါသည်။

- PEMF ကုထုံးသည် စိတ်ဖိစီးမှုနှင့် ပတ်သက်၍ ဦးနှောက်၏ တုန့်ပြန်မှုကို ဖြေလျှော့ပေးပါသည်။
- PEMF ကုထုံးသည် ဆဲလ်အစုအဝေးဖြစ်စဉ်ကိုလည်း အထောက်အကူပြုပါသည်။
- PEMF ကုထုံးသည် နှလုံးခုန်နှုန်းကို ပြန်လည်ထိန်းညှိပေးပြီး၊ သွေးဖိအားကို လျော့ကျပေးကာ စိတ်ဖိစီးမှု ဖြစ်စေသော ဟော်မုန်းနှင့် ခန္ဓာကိုယ်တွင်း စိတ်လှုပ်ရှားမှုကို လျော့နည်းစေသည်။
- PEMF ကုထုံးသည် အာရုံကြောစနစ်ကို သက်ဝင်လှုပ်ရှားစေသည်။
- PEMF ကုထုံးသည် စိတ်ဖိစီးမှုဖြစ်ပေါ်စေသော ဟော်မုန်း ထွက်ပေါ်မှုကို လျော့ချပေးခြင်းဖြင့် ကျောရိုးကို ပြေလျော့စေသည်။
- PEMF ကုထုံးသည် စိတ်ဖိစီးမှုဆိုင်ရာ အာရုံဖြန့်ဓာတ်များနှင့် ဟော်မုန်းကို ဖယ်ရှားပေးသည်။
- PEMF ကုထုံးသည် စိတ်ဖိစီးမှုနှင့် ဆိုးကျိုးဖြစ်စေသော ဟော်မုန်းများကြောင့် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများမှ ဆဲလ်များအား ကာကွယ်ပေးပါသည်။
INTOBORNကိုယ်အလေးချိန် လျှော့ချခြင်းနှင့် PEMF
PEMF ကုထုံး၏ ထင်ပေါ်ခြင်းမရှိသော စွမ်းအင်သည် ကိုယ်အလေးချိန် လျှော့ချခြင်း ဖြစ်ပါသည်။
သွေးလည်ပတ်မှု အားနည်းသော ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် အဆီဆဲလ်များ စုပုံနေရန် လွယ်ကူပါသည်။ ထို့ကြောင့် အဆီလွှာ ထူသောအသားအရည်၏ အပူချိန်သည် သာမန် ကိုယ်အပူချိန်ထက် ကျဆင်းနေတတ်သည်။ အနည်းဆုံး 2ံ C မှ အများဆုံး 4ံC အထိ ကွားခြားတတ်ပါသည်။ အဆီလွှာမှ သွေးလည်ပတ်မှုကို ကျဆင်းစေသောကြောင့်ဖြစ်ပါသည်။

PEMFက အဆီများ ချေဖျက်ပေးခြင်းအဆင့်- နိုက်ထရစ်အောက်ဆိုက်များကို ပွားများစေပြီး သွေးကြောကို တိုးချဲ့ပေးပါသည်။
- ဆဲလ်များ၏ လျှပ်စစ်ဓာတ်အားကို မြှင့်တင်ပေးပြီး၊ သွေးနီဥကို ခွဲခြားပေးကာ ပိုမိုကောင်းမွန်လာ စေပါသည်။
- အဆီဆဲလ်များကို ချေဖျက်ပေးပြီး၊ အော်ဂဲနစ်ဓာတ်တစ်မျိုးက သွေးစီးကြောင်းထဲသို့ လွယ်ကူစွာ စီးဝင် စေပါသည်။
- ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူပြုပြီး၊ သိုင်းရွိုက်စွမ်းအင်ကို တိုးတက်လာစေပါသည်။
- သွေးဖြူအရည်ကြည်ကို လည်ပတ်စေပြီး၊ အဆိပ်ဖြေပေးခြင်းအားဖြင့် အဆီခဲများကို ဖယ်ထုတ် ပေးပါသည်။
본문 공유 설정