본문 영역
PEMF နှင့် ဘေး EMF
INTOBORNPEMF နှင့် ဘေးအန္တရာယ် ဖြစ်စေနိုင်သော EMF တို့၏ ကွာခြားချက်ဆိုသည်မှာ
PEMF စနစ်ကို မိတ်ဆက်ပေးရာတွင် လူအများ၏ သာမန် စိတ်ဝင်စားမှုမှာ အခြားသော EMF ဆိုးကျိုးများဖြစ်သော “လျှပ်စစ်မြူခိုး” နှင့် “အန္တရာယ်ရှိသော လျှပ်စစ်သံလိုက်လှိုင်းများ” ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိနှင့် PEMF လျှပ်စစ်လှိုင်းနှင့် ရိုးရိုးသာမန်လျှပ်စစ်လှိုင်းတို့၏ ကွာခြားချက်တို့ အပေါ်တွင် ဖြစ်သည်။
PEMF သံလိုက်ကြိမ်နှုန်းနှင့် လှိုင်းပုံသဏ္ဍာန်တို့သည် ခန္ဓာကိုယ်၏ အချက်ပြစနစ်ကို တိုးမြှင့်ပေးသကဲ့သို့ လျော့ချမှုများလည်း ဖြစ်ပေါ်စေနိုင်သည်။ ဘေးအန္တရာယ် ဖြစ်စေနိုင်သော EMF သည် ခန္ဓာကိုယ်၏ သဘာဝ စွမ်းရည်အတွက် ဆိုးကျိုးများ ယူဆောင်လာသော်လည်း၊ PEMF သည် ဆဲလ်များနှင့် ထိတွေ့ခြင်းအားဖြင့် ယေဘုယျအားဖြင့် ကျန်းမာရေးကို တိုးတက်လာစေနိုင်ပါသည်။ သက်ရှိသတ္တဝါများ၏ ကျန်းမာရေး ညီညွှတ်မျှတမှုသည် ပတ်ဝန်းကျင်ရှိ သံလိုက်စွမ်းအင် ပြောင်းလဲမှုကို လွယ်ကူစွာ လွှမ်းမိုးခြင်းခံရနိုင်ပါသည်။ ကျန်းမာရေးနှင့်ညီညွှတ်ခြင်းမရှိသော ခန္ဓာကိုယ်သည် ခုခံစွမ်းရည် ကျဆင်းသွားပြီး၊ ရောဂါ ဝင်ရောက်ရန် လွယ်ကူနိုင်ပါသည်။

INTOBORNသံဓာတ်အဖြစ်ကူးပြောင်းခြင်းနှင့် မကူးပြောင်းခြင်း (Ionization and non-ionization)
လျှပ်စစ်သံလိုက်ဓာတ်ရောင်ခြည်သည် သံဓာတ်အဖြစ် ပြောင်းလဲစေနိုင်သော စွမ်းအင်နှင့် ဓာတုပေါင်းစပ်ခြင်းကို တားဆီးသော စွမ်းအင်ဟူ၍ နှစ်မျိုး (သံဓာတ်အသွင်သို့ ကူးပြောင်းခြင်းနှင့် မကူးပြောင်းခြင်း) ပိုင်းခြားထားပါသည်။ X-ray နှင့် ဂမ္မာဓာတ်ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်တို့ကဲ့သို့ ကြိမ်နှုန်းမြင့်လှိုင်းများသည် သံဓာတ်အဖြစ် ကူးပြောင်းပြီး ပူနွေးလာပါသည်။ ၄င်းတို့သည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ယင်းတို့အထဲတွင် နေရောင်ခြည်လည်း ပါဝင်သည်။ သံဓာတ်အဖြစ် မကူးပြောင်းသော ဓာတ်ရောင်ခြည်သည် ဓာတုပေါင်းစပ်ခြင်းကို တားဆီးနိုင်သော စွမ်းရည် မရှိပေ။ အီလက်ထရွန်၏ စွမ်းရည် ပိုမို မြင့်မားလာစေရန် အထောက်အကူပေးနိုင်သော စွမ်းအင်သာရှိသည်။
များစွာသော PEMF နည်းစနစ်သည် လျှပ်စစ်သံလိုက်လှိုင်းရောင်စဉ်တွင် အလွန်နိမ့်သော ကြိမ်နှုန်းကိုသာ ထုတ်လုပ်ပေးသည်။ ထိုကြိမ်နှုန်း (1000 Hz နှင့်အောက်) သည် အပူ ထုတ်ပေးနိုင်စွမ်း မရှိပါ။ PEMF စက်တွင် စနစ်ထိန်းချုပ်မှုကရိယာနှင့် ကြိမ်နှုန်းထုတ်လုပ်မှု ကရိယာတို့အတွင်း၌ အမျိုးမျိုးသော အဆင့်များဖြင့် စင်ကြယ်အောင် သန့်စင်ပေးသော စနစ်ပါဝင်သောကြောင့် အားသွင်းရာတွင် အသုံးပြုသော အိမ်သုံးမီးပလပ်များမှ ထွက်ပေါ်လာသည့် အနှောက်အယှက်များကို ရှင်းလင်းဖယ်ရှားပေးသည်။
ဆိုးကျိုးဖြစ်စေသော EMF နှင့် ကင်ဆာတို့၏ တိုက်ရိုက် ဆက်စပ်မှုကို လေ့လာသော ပထမဆုံး သုတေသနသည် ၁၉၇၉ ခုနှစ် ကိုလိုရာဒိုတက္ကသိုလ်တွင် အစပြုခဲ့သည်။ ငယ်စဉ်က ဗို့အားမြင့် လျှပ်စစ်ဓာတ်အားလိုင်းများ အနီး နေထိုင်ခဲ့ကြသော ကလေးငယ်များသည် ကင်ဆာ၊ အထူးသဖြင့် သွေးကင်ဆာဖြစ်နှုန်း ပုံမှန်ထက် ၂ဆ-၃ဆ များကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။ ၁၉၈၇ ခုနှစ် နယူးယောက်မြို့ ကျန်းမာရေးဌာနမှ ဦးဆောင်ခဲ့သော လေ့လာမှုများအရ အထက်ပါ တွေ့ရှိချက်ကို အတည်ပြုနိုင်ခဲ့သည်။ ဗို့အားမြင့်လျှပ်စစ်ဓာတ်အားလိုင်းများကြောင့် ဆိုးကျိုးဖြစ်စေသော EMF သည် ဦးနှောက်ရှိ ဟော်မုန်းထုတ်လုပ်ပေးသော အာရုံကြောကိုလည်း လွှမ်းမိုးမှုရှိကြောင်း တွေ့ရှိရသည်။ သုတေသနများအရ လျှပ်စစ်သံလိုက်လှိုင်း၏ ဆိုးကျိုးများသည် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခေါင်းကိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနှင့် သွေးဘက်ဆိုင်ရာ ရောဂါများကို ပိုမို ဆိုးရွားစေကြောင်း သက်သေပြလျက်ရှိသည်။ သွေးထဲတွင် သွေးဖြူဥ ၅၀ ရာခိုင်နှုန်းအထိ အများဆုံး ဖြစ်ပေါ်စေနိုင်သည်။

INTOBORNPEMF စနစ်၏ ကွာခြားချက်
ဆိုးကျိုးဖြစ်စေသော EMF သည် ကုသမှုအတွက် အသုံးပြုသော PEMF ထက် အလွန်တိုသော လှိုင်းအလျားနှင့် မြင့်မားသော ကြိမ်နှုန်းများ ရှိပါသည်။ လျှပ်စစ်သံလိုက် လှိုင်းရောင်စဉ်သည် X-ray, Microwave လျှပ်စစ်လှိုင်း၊ မြင်နိုင်သော အလင်းရောင်၊ အနီအောက်ရောင်ခြည်စသော ရောင်စဉ်များ၏ အလျားနှင့် ကြိမ်နှုန်းများ ပါဝင်သဖြင့် အလွန်ကျယ်ဝန်းသည်။
သံလိုက်စက်ကွင်းကုထုံးတွင် အသုံးပြုထားသော ရောင်စဉ်လှိုင်းသည် အလွန်များပြားခြင်း မရှိပေ။ PEMF ၏ ရည်ရွယ်ချက်သည် ခန္ဓာကိုယ်၏ သဘာဝစွမ်းရည်ကို အထောက်အကူပြုရုံသာမက ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ထိုးဖောက်နိုင်သော လှိုင်းအလျားရှိသည့် သံလိုက်စက်ကွင်းကို ထုတ်လုပ်ပေးရန်ဖြစ်သည်။ ဤသို့ ထိုးဖောက်နိုင်ရန် ရှည်လျားသော လှိုင်းနှင့် ကြိမ်နှုန်းအနိမ့်များ လိုအပ်သည်။
Intoborn ၏ PEMF ကုသမှုစက်သည် အလွန် ဘေးကင်းသော အစွမ်းရှိသည်။ စက်ကို နေ့စဉ် သုံးသည့်တိုင်အောင် ဘေးထွက်ဆိုးကျိုး မရှိနိုင်ပေ။

본문 공유 설정